Saturday, December 15, 2007

ကျွန်တော့်ရဲ့ ပြဇာတ်

“ ဘ၀က ဇတ်ဆရာ စေစားရာ

ကရတာတဲ့ ”


ဒါပေမယ့် လူတိုင်းတော့ ဇာတ်ညွှန်းကြိုဖတ်ချင်ကြတယ်

ဘာပဲဖြစ်ဖြစ် ဒါရိုက်တာကိုတော့ အားနာဖို့ကောင်းပါတယ်။

ဇာတ်သိမ်းမကောင်းလည်း ဆက်ကရမှာပဲလေ

ဇာတ်ရုံနောက်က လူရွှင်တော်တစ်ယောက်ရဲ့

မျက်ရည်ကို အားနာတယ်ဆိုရင်ပေါ့။..........

ကျွန်တော်နှင့် ပင့်ကူ

ကျွန်တော့်နဘေးမှာ ပင့်ကူမျှင်တွေကျလာမှ

အလန့်တကြားမော့ကြည့်ဖြစ်ခဲ့တယ်

ကျွန်တော်ဟာ ပင့်ကူအိမ်ထဲရောက်နေခဲ့ရပြီလေ။


ကျွန်တော် မက်မက်မောမော(တယုတယ)ရှိနေခဲ့တဲ့

ခရေပန်းတွေက အခုတော့ အ၀ါရင့်ရင့် ပင့်ကူတွေတဲ့လေ..

အသိနောက်ကျသွားခဲ့သလို

ကျွန်တော့်အဖြစ်က လှုပ်လေရှုပ်လေပဲ

ဒီနေ့အထိပေါ့။


ကျွန်တော်ဟာ ကျင်းတစ်ခုမှာ မြှုပ်နှံခံထားရသူလို မွန်းကြပ်လာတယ်

ဒါပေမယ့် ကျွန်တော် ကုန်းထဖို့ မကြိုးစားမိခဲ့ဘူး

နစ်မြောသာယာနေမိတယ်။


မရည်ရွယ်ပဲ မကြိုးစားပဲနဲ့ ရစ်မှန်းမသိ ရစ်လို့

လှုပ်ကြည့်တော့မှ ပင့်ကူမျှင်တွေ အသားထဲနစ်ဝင်နေတာ

အသားတွေတောင် ချင်းချင်းနီကုန်ပြီပဲ။


အနက်ရောင်ပင့်ကူတစ်ကောင် ကြိုးဆွဲချသေသွားရှာပြီ။

(ဆွဲကြိုးချသေတယ်လို့လည်း ပြောကြတယ်။)

ဘယ်သူက ဘယ်သူ့ကို ရစ်ပတ်မှန်းမသိ

ကျွန်တော်နဲ့ ပင့်ကူတွေ အတူရုန်းကျရဦးမှာလား။ ???????????

Wednesday, December 12, 2007

အချစ်ရဲ့ လမ်းချိုးနောက်က

မြွေတစ်ကောင်ထက်ဆိုးတဲ့

ညှို့ချက်ပြင်းပြင်းတွေအောက်မှာ

ယစ်မူးသားယူရင်း .......................


အချင်းချင်း

အငြိုးတကြီး ကိုက်ခဲပြီးမှ

လုံးထွေး တွန်းဆွဲ ကုတ်ဖဲ့လို့

သွေးချင်းချင်းနီကုန်ကြပြီ .................


အဆုံးသတ်ရဲ့

ချော်ရည်ပူတွေကြားမှာ

ဖမ်းဆုပ်မရတဲ့ ငြိမ်းညောင်းမှုတွေနဲ့

ယစ်မူးသာယာ မိန်းမောရင်း

အချင်းချင်း

ထွေးပွေ့နှစ်သိမ့်နိုင်ပါ့ဦးမလား.............?

ဘာရယ် မဟုတ်ဘူး..........

ဘာရေးရမှန်းကို မသိတော့ဘူး