Sunday, February 24, 2008

ကွက်လပ်မဖြစ်ချင်တဲ့ ငါ

ဘာမဟုတ်တဲ့ စကားတစ်ခွန်းအတွက်နဲ့များ

မင်းမို့ ငါ့ နှစ်လုံးသားကို ပုဆစ်အိမ်ဖြစ်အောင်လုပ်ရက်တယ်နော်..............


တကယ်ဆို ငါတို့နှစ်ယောက်ကြားက

စကားစပ်တွေကပဲ ပုဒ်အထားအသိုတွေ မှားနေခဲ့တာလား.............?


မင်းအတွက် ငါဟာ မသိကိန်းမဖြစ်ချင်ခဲ့ဘူး

မင်းထားမယ့် ကွက်လပ်မှာ ငါ မနေပါရစေနဲ့..........


မင်းအတွက် ငါဟာ ဘယ်တုန်းကမှ အရေးမကြီးခဲ့ရင်

ငါ့အတွက် မင်းအရေးမကြီးချင်ပါနဲ့လားကွာ............


ပုစ္ဆာတွေနဲ့မင်းကို ငါ နားမလည်ခဲ့တာလား.............

ငါ့အတွက်တော့ မင်းဟာ မသိကိန်းဖြစ်လာမှာမဟုတ်ပါဘူးလေ.............

No comments: